မျိုးဆက်သစ်များသို့"
-------------------------
ရခိုင်ပြည်ဖွား
သွီးချင်းများရို့
ရခိုင်အရေး
မျော်ဗျာလ်တွေး၍
မတောက်တခေါက်
အတွေးစနှင့်
ကဗျာတပုဒ်
ရွီးကာထုပ်၍
ပြောလိုက်ချင်ရေ
အကျွန်ခိုင်မင်း
အမှားပါက
ခွင်းလွတ်နိုင်စီ
ဧဂုအခါ
ပြည်ရခိုင်မှာ
အသစ်ထွင်ဗျာလ်
အဆန်းရာလုပ်
တပြည်ကလာ
ကဗျာစုပ်တိကြား
ငါ့ရို့ရိုးရာ
ငရို့ကဗျာမှာ
ပျောက်ကွယ်လားစ
ပြုလာဗျာလ်ကာ
ငရို့မှူပိုင်
ဂန္တဝင်ကဗျာတိ
ဆိတ်သုန်းပျောက်ပျက်
မလားရအောင်
ရခိုင်သားရို့
သတိကိုဆောင်
ရိုးရာစိုင်လာ
အဖပြည်မှာ
ရတု ရဂံ
ဧဲ့ ခြင်း သံသာ
လင်္ကာကဗျာ
ခိုင်ခိုင်မာမာ
ရှိယင်းနန့်ရာ
သူများရွီးရာ
သူရို့ကဗျာမှာ
စိတ်ပါဝင်စား
အထင်ကြီးကါး
ပမာပုံခိုင်း
နိုင်းပြလိုက်မေ
ရိုင်းလို့မထင်ကေ့
တံလျှင်ရီထင်
ရွှေသမင်အလိုက်မှား
ငမိုက်သားနန့်
မခြားပါယေ
သူရို့လေ
ရခိုင်ပြည်ဖွား
စာဆိုများရို့
ရှိကရွီးသား
ဒေကဗျာတိကား
အကျွန်ရို့လက်ထက်
ရောက်လက်ခါမှ
ပျောက်ပျက်ဆုံးရှူံး
ဆိတ်သုန်းလားက
မျိုးဆက်တာဝန်
ကျီပါဖို့လား
ရောင်နီကိုယုံကေ
တိမ်စိုင်ကြားကထွက်
အမျိုးမှန်ကေ
အဖိုးတန်မှ
ရခိုင်ပီသမေ
ဝေရို့လေ
သူများတာဝန်
ငါ့တာဝန်ဟု
သဘောမထား
ညီညွတ်အားနှင့်
ငရို့ဖိုးဖီး
ရှီကရွီးလာ
ဒေကဗျာကို
မပျောက်ကွယ်အောင်
ထိမ်းသိမ်းနိုင်မှ
နောက်နောင်အခါ
ဒေကမ္ဘာမှာ
ရခိုင့်ကဗျာ
ရခိုင့်လက်ရာရို့
ကမ္ဘာတည်သရွိ
အဓွန့်ရှည်လိမ့်မေ
သွီးချင်းရို့လေ
ခိုင်မင်း(ဦးရာဇ်မြီ)
0 comments: