ဧ့တောင်ဧ့မြီ့  ဤဘုရားပေါ်
သငေသျှင်းဆွေ အပေါင်းသင်းနန့်
အတူတောင်တပ် ပျော်မြူးဂတ်ဗျာလ်
လိပ်ဥုလည်းတူး ဘုရားလည်းဖူး...။
ငရို့တပ်ရေ တောင်ပေါ်ထိပ်သို့
ဘဲနားကပြိုင် မိတ်ဆွေတိုင်လည်း
သူ့ထက်ငါယင် စောအောင်ပင်လို့
သူပြိုင်ကိုပြိုင် အနိုင်ရဖို့
ဇာတိပုထိုး ဦးထိပ်ဖျားသို့...။
လေးရပ်ဝတီ တိုင်းဌာနီမှာ
ဇာတိပုထိုး အမျိုးမျိုးနန့်
ရခိုင့်ပြည်ပြန့် ရှိပါလီယင့်...
နဒီလေးစင်း တစင်းအဝင်
ပစ္စပနဒီ အနောက်ကမ်းရိုး
စိမ်းညိုမှိုင်းမှာ ကျွန်း'တောင်ပေါ်မှာ
အင်ကြင်းပန်းခိုင် တစ်မြိုင်မြိုင်နန့်
မွှီးကြိုင်ပျံသင့် နီရာအနံး
ဖူးပွင့်ညီညာ | ပန်းကမ္ဘာနန့်
သျှင်တော်ဦးရာဇ် ဓါတ်တော်စိတ်ကို
တောင်ထိပ်မှာတည် ရှိဘာလီယင့်...။
0 comments: