စစ်တွေအဝီးဗြီးကားဂိတ်မှစ်စု
.....နှင်းမှုံကြားကအလွမ်းမျက်ရီ....
ပါပါနှန်းအီးယောင်မဟိကေလေးသို့ ညီအကိုမောင်နှာမတိကိုအားကိုးပျာ လောကဓံကပီးရေ လူ့ဘောင်အတွင်း ဘဝဇာတ်ဝင်ခန့်တိမာ နာကြင်ခြင်းဒါဏ်ရာ အချိုးအစားတိနှန်း ပြီပြင်အောင် သရုပ်ဆောင်နီရာသူရာ ဆင်းရဲခြင်း ပင်လယ်ထည်းမာမျော် နာကြင်ခြင်း ဝတ္ထုကိုဖတ် ရလှာတယ် သင်္ခန်းစာတွေကိုအဖော်ပြု ပစ္စုပန်ဘဝကို ကျော့ခိုင်းဖို့ အနာဂတ်၏ ပန်းတိုင်ကို ဗဟိုပြုလို့လျှောက်လှမ်း အောင်မြင်ခြင်း၏ အဆုံးအစကိုအကျွန်မသိ ကြိုးစားခြင်းတိနန့် ဒေဘဝကိုရပ်တေဖို့ ဒေနိ ခံစားချက်တိကို အကောင်ထေဖောဖို့ မလေးယှားသို့လားဖို့ ဆုံးဖြစ်လိုက်တေ။
စုံလီကလေးတိတ်ခိုက်ဗြီးကေ နှင်းစက်တိကလေး တဖွဖွကြွီကျနီရေ သုံးဘီးဆိုင်ကယ်သမားကလေး လီဘာကို တခေါက်ခေါက် တင်လိုက်ကေ အီးအီးစစချေနှန်း သာဘာဝ လီမင်းချေတိက ရင်ဖက်ကိုလှာထိရေ သုံးဘီးဆိုင်ကယ်ထက်က အကျွန့်လေး ကောင်းကင်ကိုလှမ်းပျာမော်ကြည့်လိုက်တေ
(49)ယူဇနာအကျယ်အဝိုင်းဟိရေ ဖိုးရွှေလမင်းကြီးကလေး အနောက်ဖတ်မျက်နာမှာ တလတ်လတ်နှန်း တဇိုက်ထွက်လို့ ယင်းနီခါလေး လဆုပ် (6)ရပ်ဖြစ်တေ ချမ်းကလေးတဝချမ်းရေ ရင်ထည်းမာ ကျွန်းရွာ၏ ဓလေ့ လယ်သမားတစ်ယောက် ဝမ်းဇာရီးအတွက် မိုးလင်းအာရုံ တလင်းလဲစွာကို သတိရ တမ်းတးလှားပါရေ။
အကျွန့်ရို့စီးလှာရေ သုံးဘီးဆိုင်ကယ်မာ နိုင်ငံတဖတ်ကို ထွက်လှားဖို့ သငေချင်းတိပါလှာကတ်တေ မောင်ဖြူ+သာလှစိန်+အောင်ဗန်းဖြူရို့ အကျွန့်နန့်ပင်ဆိုကေ နိုင်ငံတစ်ဖတ်ကိုထွက်လှားဖို့လူတိ လေးယောက်ပင်ဖြစ်တေ အောင်ဗန်းဖြူရို့မာအမိသေပါလာရေ မောင်ဖြူမာလေး အမိသေပါလာရေ သာလှစိန်မာကျရေ အမိနှန်းအဘောင်မ နှစ်ယောက်ပါလှာကတ်ပါရေ အကျွန့်က တစ်ကောင်ကျွတ်ဆိုခါ တစ်ယောက်တည်းပါ သငေချင်းတိလေးပါမလှာ သငေချင်းတိမာလေး အားလုံးကိုအလုပ်နှန်းကိုစီ အစ်မကြီးမာလေး သားချေတစ်ယောက်ကိုလွယ်ထားရရေအတွက် မောင်ချေတစ်ယောက်ကို စစ်တွေအဝီးဗြီးကားဂိတ်သို့ လိုက်ပို့ဖို့မရနိုင် အားလုံးစုစုပေါင်း သုံးဘီးဆိုင်ကယ်မာ လူရှစ်ယောက်စီးလှာဂတ်ပါရေ။
အောင်ဗန်းဖြူနန့် အကျွန့်ရို့နန့်လေး မျိုးမကင်းဆွီမကင်းကတ်ပါ ယင်းပိုင်နန့်ပင် စစ်တွေအဝီးဗြီးကားဂိတ်သို့ရောက်လှာဂတ်တေ အနောက်ဖတ်သို့လှဥ့်ထားရေ တောင်ဖတ်အဝမာ ရပ်တေ သုံးဘီး ဆိုင်ကယ်က ရပ်စွာနှန်း အကျွန်လေး သုံးဘီးဆိုင်ကယ်ထက်က ဆင်းပစ်တေ မီးရောင်တိနန့် မနီဖူးရေလူတိဖြစ်ရေခါ မီးရောင်အောက်ရောက်လှားလို့ အကျွန့်လေး ကိုယ့်အရိုပ်ကိုကြည့်လို့ ကောင်း...လူကြီးဖြစ်လှားစွာပိုင်တွိ့ပါရေ ကိုယ့်ကိုငုန့်ကြည့်ဖြစ်တေထော့ ကောင်း...လူခန့်ရာမလား ကိုစိတ်ကလတ်" အဖြူရောင် (G.ster) ဆောင်းဝတ်လက်ရှီဂေါ်လှာအတို့နှန်းအင်္ကျီတလုံးဝတ်လို့ ကပ်တီပါဖနပ် တရံ (G.ster)ဂျိမ်းရောင် အဖြူကွနှန်းဘောင်ဖိတလုံးဝတ်လို့ လှလို့ လှပလို့ပိုင်တွိ့လိုက်တေမီးရောင်အောက်မာ။
ကားလေးသို့စစ်တွေအဝီးဗြီးကားဂိတ်မှ(6)နာရီထွက်ဖို့ အကျွန့်ရို့လေး (4)နာရီလှောက်ကပင် ရောက်လှားဂတ်တေကားဂိတ်သို့ အကျွန်ရို့ရန်ကုန်သို့စီးလှားဖို့ကားစွာ (ကြံတိုင်းအောင်)ကားဖြစ်တေ ကားဂိစ်မာ ဟိုတချက် အေတချက် အိမ်သာတက် နှန်းပင် (5)ငါးနာရီတီးလှာပါရေ ယေခါ (ကြံတိုင်းအောင်)ကား... ကြံတိုင်အောင်ကားဂိစ်သို့ဝင်ပါလတ်တေ ယင်းကားဂိတ်က ဝန်ထမ်းတိစွာ ခရီးသေတိကို ခေါ်ဗြီးကေ ယောက်ချင်း စရင်းအရ ကားလတ်မှတ်စီးစစ်ပါရေ ခုံနံပါတ်တိချပီးပါရေ အကျွန်ရို့က ကား၏ အဝနားမာကျပါရေ ခုံနံပါတ် 12-13-14-15မာဖြစ်ဗြီးကေ ကားသမားတိက အထုပ် အပိုးတိကိုပင် ကားထက်သို့ ဝိုင်းပျာ တင်ဂတ်တေ။
ငါးနာရီခွဲလောက်ဆိုကေ ကားမာလိုက်ပါဖို့ နောက်ထက်ခရီးသေတိပင် ကိုယ့်ခုံသို့ကိုစီဝင်ပျာထိုင်ကတ်တေ အကျွန်လေးကားထက်သို့တက်ပျာ
ကိုယ့်ခုံမာထိုင်နီရေ အောင်ဗန်းဖြူ+မောင်ဖြူ+သာလှစိန်ရို့တိက အမိသေရို့နှန်း အမှာစကားပြောနီကတ်တေ အလွမ်းသေနီကတ်တေ အကျွန်ထိုင်နီရေ ခုံနှန်းဆိုကေသူရို့ပြောနီစွာနှန်းတည့်တည့် အပါးချေကျပါရေ သူရို့တိ အလွမ်း အပန်းသေနီစွာတိကို အကျွန်နားနှန်းလေးကြားရပါရေ ။
"သားချေအဖ မဟိကေလေးသို့ သားချေကို အီးယောင်စွာ လူတကာအသိုင်းအဝိုင်အလဲမာ မျက်နှာမငယ်ရအောင် ကိုယ့်လယ် ကိုယ့်ယာ လုပ်ကိုင်စားသောက်ဗြီးကေ့ လူတလုံး သူတလုံးဖြိုက်အောင် ပြုစု စောင့်ယှောက် ဂရုစိတ်ပျာ ကျွေးမွှေးလှာစွာ ဒေနိထက်ပင်ဖြိုက်တေဆိုစွာကို မောင်ချေလေး သိဖို့စွာရာ ယေတာလဲ ဒေနိခါ အီးယောင်သားချေက ကိုယ့်ဒူးကိုချွန်ချင်ရေစိတ်ဆန္ဒဟိစွာကို အီးယောင်လေး လေးလေးနှန်နှန်း ဝမ်းသာပါရေ မခွဲချင်သော်လေး ခွဲခွာဖို့ကျနီရေ မပြည့်စုံ ဒေဘဝနှန်းကား သားချေရို့ကြည်နာ့မူမဟိ ပြည့်စုံချင်ရေ ဆန္ဒတိပြင်းပြနီ ဟို...အဝီးတနီရာသို့ ဖဲသာရှာဖို့ ဆုံးဖြတ်လိုက်တေ ဒေနိခါအီးယောင်ရို့နှန်း သားချေရို့ ရီမြီတောတောင်ဘဝတိနှန်းအတူ ရွှေရခိုင်ပြည်ကြီးနှန်း မိုင်ပေါင်းများစွာကို ဝီးကွာရဖို့ ဝမ်းနည်းခြင်း နာကြင်ခြင်းတိကို ရင်ဆိုင်ပျာ နက်ဖန် သန်ဖတ်ဆိုရေ ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ဖို့ပျာ ရန်ကုန်မြို့ကြီးသို့ရောက်လှားကေ့လဲ ရီမြီဒေသတိကမတူ အစား အသောက် ရီမိုးကပင် အစခပ်သိန်း အချိန်နှန်း သတိဟိဟိချိုးလီ စားလီနှန်း ရန်ကုန်မြို့ကြီးမာ ကားတိကလေး တဝချုပ်တေ ပြောကတ်တေ လမ်းသော လမ်းလာ ခရီးဆက်ကေ့ သတိနှန်းလားလီသားချေ တစ်ယောက်တည်း မလှားလီကေ တစ်ယောက်တည်းမလျှောက်လီကေကား အဖေါ်ခေါ်လီနှန်း။
မလျှောက်ပါအီးယောင် အထုထုတိကို စိုင်းစားမနီလီကေအီးယောင်မာ စိတ်ပူမနီလီကေ သားချေကအစေ့ကေ့ချေလေးမဟုတ်ယာ စိတ်ချလီ အီးယောင်မာသားချေကို။
စိတ်ပူလို့ပြောစွာရာ သားချေရို့က ရန်ကုန်ကိုလေးတစ်ခါမရောက်ဖူး သားချေရို့နှန်းလေးအီးယောင်တခါလေးမခွဲခွာဖူး ဆင်းရဲခြင်းတိကိုဖြတ်ကျော်ချင်ရေ သားချေ၏ ဆန္ဒနှန်း ဧ့နိခါမာ ခွဲခွာခြင်းဆိုရေ အလွမ်းဝေဒနာတိကို ရင်ဆိုင်လှာရရေ ယေတာလဲ ဖြစ်လှာသမျှအရာတိကိုအကောင်းမှတ်လို့ ပျော်ပျော်နီလီသားချေ ဖုန်းမှန်းမှန်း သတင်းတိပို့ပီး အဆင်မပြေကေ့လေးသိရအောင် ကြားလှားသားချေ။
ကြားပါရေအီးယောင် အီးယောင်စကားရပါတ်နားထောင်ပါမေ...
အကျွန်ထိုင်နီရေ ခုံအောက်မာ သားနှန်းအမိ မြီးနှန်းအဘောင်မရို့က ခရီးဆက်ဖို့ အကျွန့်သငေချင်းတိကို ဆုံးမ သြဝါဒတရားတိဟောပြနီဂတ်တေ အကျွန်လေးကြားရစွာပါမလှား ယင်းပိုင်သားအမိတိပြောနီကတ်စွာကို ကြားရလို့ အကျွန်လေး (တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်စီအောင် အနန္တော အနန္တငါးပါးကိုဦးထိပ်ထား၏ရှိခိုးပါ၏) ကွယ်လွမ်လှားခရေ ပါပါနှန်းအမိရို့ လောကနယ်ပယ်မာ ဟှိခကေလေး အကျွန့်ကိုလေး ဒေပိုင်လိုက်ပို့ဗြီးကေဆုံးမသြဝါဒတရားတိဟောပြကတ်ဖို့မလှားဂုလို့ စိုင်းစားဗြီးကေ အကျွန်ရင်ခွင်ထည်းသို့ တမ်းတခြင်းနှန်းအတူ နာကြင်ခြင်းတိ ဝမ်းနည်းခြင်းတိ ကြွီကွဲခြင်းတိ ရောက်ပါလတ်တေ အကျွန်ကို အလွမ်းဒါဏ်ရာတိက နိုက်စက်လှာရေ အကျွန်လေးထိမ်းမနိုင်လိုက်ပျာ မျက်ရီစက်တိကတသွင်သွင်စီးကျပါလတ်တေ ကားထက်မာ ခရီးသေတိလေးဟှိကတ်တေ အကျွန်လေးသို့ ယောက်ျားတစ်ယောက်ဖြစ်တေအတွက် လူ ချင် ကြားအောင် မငိုဖြိုက်ပါ အချစ်ကြီးတက်ဗြီးကေ မျက်လုံးထည်းမာ မျက်ရီတိက အချေခါ တီထိုးတမ်း ကဇာတ်စွာပိုင် ဟိုဖတ်ဗြီး ဒေဖတ်ကိုဗြီးကဇာတ်နီကတ်တေ ရင်ထည်းမာကိန်းအောင်ဗြီးကေ တဝငိုချနီရေ မျက်ရီသောသောနှန်း ကားမာထွန်းထားရေမီးကလေး မှုံမှုံချေခံလို့ မျက်ရီကျစွာ လူအများကမမြင်ရနိုင် ဆောင်းရာသီဖြစ်လို့ချမ်းကလေးချမ်းရေ ထိုက်မာက ပဝါပိုင်းတခုခြုံထားရေ ။
အကျွန်လေးအောက်ကိုတချက်လှည့်ကြည့်ဖြစ်တေ အကြီးမက အကျွန်ကိုလက်ယက်ခေါ်ပါရေ အကျွန်လေးမြင်ပါရေ ယေတာလဲ ကိုငိုနီစွာကို သူများသိလာဖို့စွာကြောက်တေခါ မလှားဖြစ်ပါ အကြီးမ၏သားချေကို ခေါ်ခိုင်းပါရေ အကျွန်လေးကြားရပါရေ သငေချင်းကလှာဗြီးကေ့ အကျွန်ကို ကားလမ်းဝသို့တက်ဗြီးကေခေါ်ရေ အဝေးသငေချင်းမင်းကိုအီးယောင်ကတခေါက်လာလတ်ပြောရေ မလှာယာ သငေချင်းဆိုဗြီးကေ အကျွန်လေး မလှားဖြစ်ပါ အနားချေကိုလှာဗြီးကေ့ လက်မောင်းကိုဆွဲခေါ်ပါရေ လာလှားမေလတ်ဝေ လှားကတ်မေ အကျွန်လေးလိုက်ပါလားရေ အကျွန်ကိုလေး အကြီးမက ဟိုင်း ခိုင်မင်း ကားထက်မာတယောက်တည်ထိုင်နီကာ အကြီးမရို့ကိုလှာလို့လေးစကားမပြော အဝီးကိုထွက်လှားဖို့ခါ အကြီးမရို့ကိုလေး နုပ်ဆက်စကားချေတိတောင်မပြောကား ရွာကို ရပ်ကို သတင်း ဘာလင်းဇာမှာလိုက်ဖို့လေး နင်ရို့တိကလေး ကံဆိုးလိုက်တေ ဘဝမှာ ကိုင်ပြဆိုကေ အမိအဖ တယောက်ပင်မဟိခ မောင်ချေရို့ဘဝကိုစိုင်းစားကြည့်ကေ့လေး ဝမ်းနည်းမိန်းစွာအမှန်တေ အဝီးသို့ရောက်လှားကေလေးသို့အကြီးမသားချေရို့နှန်းညီအကိုပိုင်သျိုက်သျိုက်ခင်ခင် နီထိုင်စားသောက်လီကတ် ကျန်မားရေးလေးဂရုစိတ်လီကတ် အကြီးမ "မှာ"ချင်ရေ။
အကြီးမက ယင်းပိုင်ပြောလိုက်စွာနှန်း အကျွန်စွာ ပို့လို့ပို့လို့ ဝမ်းနည်းလှာရေ အကျွန်မာပါရေ မျက်နှာသုပ် ပဝါ ထိုက်ကခြုံထားရေ အောက်မာကျနီရေ မျက်နှာသက်ပဝါ နှစ်စကို ဗြုန်းခနည်းကောက်ပျာ (ပ)ပါးစထည်းသို့ ထည့်ထားရေ အသံထွက်လှားဖို့စွာကြောက်လို့ အသံထွက်ကေ ငိုသံတိပါလှာဖို့ ပဝါစကိုအားဒမထိုးထည့်ထားရေ ပ.စ.သို့ မျက်နှာသုပ်ပဝါလေး 12×15လက္မလှောက်ယာဟှိရေ။
မောင်ချေကောင်ချမ်းလား ကောင်းခြုံထားထားကားပဝါပိုင်း။??
အကျွန်ရင်ထဲဇာလောက်ထိ မီးတောက်လှောင်းနီလေးဆိုစွာ အကြီးမ မသိ။
အကျွန်ကလေးမပွင့်တပွင့် အင်း... ချမ်းပါရေအကြီးမ ဆိုဗြီးကေ ယင်းနီကရာထွက်လှားဗြီးကေ အိမ်သာဖတ်သို့ဗြီးလှားခရေ အိမ်သာထည်းမာ တဝငိုပစ်တေ မျက်နှာသစ်ဗြီးကေ ပြန်ထွက်လှာရေ ကားသမားကလေး(6)နာရီတီးဖို့ယာအတွက် ကြံတိုင်အောင်ကားနှန်း ရန်ကုန်သို့လိုက်ပါဖို့ခရီးသေများ ရဲစခန်းမာ စစ်ဆဲမှူခံရပါမေသဖြင့် ကားပေါ်သို့ တက်ကြပါရန်လေးစားစွာမောတ္တာရပ်ခံအပ်ပါသည် ကားဂိတ်မာ ကျန်ရှိနီခသော် ကျွန်တော်ရို့တာဝံမယူပါ ခရီးသေများ ကားထက်သို့တကြပါရန် သုံးခေါက်လုံးမအော်ပါရေ လိုက်ပို့လာကတ်တေ သငေချင်းအမျိုးတိကို
အကျွန်လေး တာ့တာ အားလုံးကိုဆိုဗြီးကေ ကားပေါ်တက်လှားကတ်ကေ။
ရဲစခန်းကစီးစစ်ဗြီးကေ စစ်တွေမြို့အဝီးဗြီးကာဂိတ်မှ ထွက်ခေါ်လာကတ်တေ စုံလီကတိုက် နှင်းတိကဖြူဖြူဖွဖွ လမင်းချေကတဇိုက်ထွလို့ ဆောင်းလရာသီတနိမာ စစ်တွေအဝီးဗြီးကားဂိတ် နှင်းမှုံတိကြားမာ မျက်ရီတီစီးကျပျာ ပါပါအမိရို့ကို စိတ်အတွေးနန့် လတ်ဆယ့်ဖြာထိပ်မာမိုးလို့ ဦးချ ကန်တော့ခပါရေ တာ့တာ စစ်တွေအဝီးဗြီးကားဂိတ်...။။
ခိုင်မင်း(ဦးရာဇ်မြီ)